Through My Window: Across the Sea HD

Through My Window: Across the Sea

Comedy Drama Romance HD 2023-06-23 6.645 110 Min

ဘယ်အချစ်ရေးမဆို အစပိုင်းတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတာချည်းပါပဲ။ ‌နောက်တော့မှသာ ကိုယ်မသိတဲ့သူ့အကျင့်စရိုက်ပေါ်လာတာတွေ၊ မိသားစုအခြေအနေ၊ပတ်ဝန်းကျင်အခြေအနေစတာတွေကြောင့် အစပိုင်းလောက်တော့ ပျော်ရွှင်စရာအတိဘယ်ဟုတ်ပါတော့မလဲ။ Raquelနဲ့ Aresတို့ရဲ့အချစ်ရေးမှာလဲ ပျားရည်ဆမ်းတဲ့အချစ်ခရီးလမ်းအစပြီးနောက်မှာစိန်ခေါ်မှုတွေကြုံတွေ့ရပါတော့တယ်။ Aresဟာ Raquelရဲ့ ဖျောင်းဖျမှုနဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာဆေးကျောင်းသွားတက်ပါတယ်။ အထက်တန်းကျောင်းကနေတက္ကသိုလ်ဘဝကိုကူးတဲ့အချိန်ကထင်သလောက်မလွယ်ကူတဲ့အပြင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတာက ပိုလို့တောင်ခက်ခဲပါသေးတယ်။အခုခေတ်လို ပေါပေါပဲပဲရနေတဲ့ အချစ်တွေကြားမှာ longdistancerelationship ကလည်း နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ပဲပေါ့။ကျောင်းပိတ်ရက်ရောက်လို့ Aresအိမ်ပြန်လာတဲ့အချိန်မှာ သူတို့ကြားကဝေးကွာမှုဟာအချစ်စစ်တစ်ခုကိုစမ်းသပ်မှုဖြစ်လာတဲ့အခါ….လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။