ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူလိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကိုအေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်းပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါတယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့ကလက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေးအခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US သမ္မတက နောက်သမ္မတအသစ်မတက်ခင် သူ့အကြံအစည်အတိုင်းဖြစ်အောင် တဖက်ကစစ်သွေးကြအဖွဲ့ကို တိုးတိုးတိတ်တိတ်ပြန်ပြီး လက်နက်ထောက်ပံ့ပေးပါတယ်။ စစ်သွေးကျတွေက စစ်တပ်ထောင်ဖို့ ကလေးစစ်သားတွေလိုက်စုတဲ့အခါမှာ Sutherland တို့နဲ့ညိဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ကြပါဦး။