လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။တစ်နေ့ သူ့အဖေ ‘ ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ‘ ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိမမေ့သေးဘူး။တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။” မင်းက အကြီးဆုံးသားမို့ အားလုံးကို စောင့်ရှောက်နော်” ဆိုတဲ့ အန္တရာယ်ကြားကို ပြေးသွားရတဲ့ အဖေ့ရဲ့စကားကို သူ တည်ရဦးမယ်။သူ့အဖေကို ပေးခဲ့တဲ့ ‘စောင့်ရှောက်ပါမယ်’ဆိုတဲ့ ကတိက …. ဘာပဲဖြစ်ဖြစ် တည်ရမယ်မလား။ခေတ်ကာလဆိုးတစ်ခုမှာ သူတို့တွေ ကွဲခဲ့ရပေမဲ့… ရွှေရောင်လက်တဲ့ ခေတ်မှာအဖေနဲ့ ညီမကို ပြန်တွေ့ရမယ်လို့ သူ ယုံကြည်ထားဆဲပဲ။ဒီလိုနဲ့ သူ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ ဘဝတွေမှာ……