Spy In Love FHD

Spy In Love

Action Comedy Drama FHD 2016-09-29 8.3 94 Min

အင်ဒိုရုပ်ရှင်တွေဆိုရင် နာမည်ကြီးအက်ရှင်ရုပ်ရှင်ဖြစ်တဲ့The Raid ကိုမြင်မိကြမှာပါ။ ယခုရုပ်ရှင်မှာ TheRaid ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မှင်ကောင်းကောင်းနဲ့ အထာရှိတဲ့အင်ဒိုဝါရင့်သရုပ်ဆောင်Ray Sahetapy ဟာတွဲဖက်ဇာတ်လိုက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းက လျှို့ဝှက်ထောက်လှမ်းရေး ဟောင်းဖြစ်တဲ့ဆာတီရာ ဟာပင်စင်စားပြီးတက္ကသိုလ်မှာ သင်တန်းတွေပို့ချနေတဲ့အချိန် မလေးရှားမှာလေယာဉ် ပျောက်ဆုံးမှုတစ်ခုအားစုံစမ်းထောက်လှမ်းဖို့ဖြစ်လာပါတယ်။ သူ့မြေးဖြစ်သူ ပူထရာကလည်း မလေးရှားကဟိုတယ်တစ်ခုမှာမန်နေဂျာအဖြစ်လုပ်ကိုင်ရင်း အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့အခါအဖိုးဖြစ်သူဆီက ခွင့်ပြုချက်တောင်းဖို့ဆာတီရာကိုု မလေးရှားသို့အလည်ခေါ်ပါတော့တယ်။ ဆာတီရာ ကြီးတစ်ယောက်လည်း “ငါမအိုသေးဆိုတဲ့ အကွက်ကိုပြချင်တဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းစုံစမ်းဖို့မြေးဖြစ်သူရှိရာမလေးရှားသို့ ရောက်လာပါတော့တယ်။ အဲဒီနောက်ဇာတ်လမ်းကို တဖြေးဖြေးဖြည်ချလာရင်း ဂွစာကြီးဆာထရီဘယ်လိုတွေရွှေ့ပြီး ဇာတ်လမ်း အဆုံးထိဘယ်လိုတွေသက်လုံကောင်းသွားမလဲ ကြည့်ရမှာပါ။ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင် ဟာသ ဒရာမာ ပေါင်းထားတဲ့ ရုပ်ရှင်ကို ကြည့်ချင်ပါတယ်ဆိုရင်ဒီရုပ်ရှင်ဟာကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။