ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီးလေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင်တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလားရှင်သလားဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါးအကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင်ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီးလာတဲ့အခါကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ဘဝကိုငြီးငွေ့နေပြီးကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့တွန်မီရယ် ဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်းငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်ကစိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ စိတ်ကူးယဉ်မဟုတ်ပဲ တကယ်ဖြစ်နိုင်တဲ့သက်သေတွေ မြေပုံတွေကို ဆုံးပါးသွားတဲ့ သူငယ်ချင်းဖြစ်သူက ရှာဖွေပြီး အတူတူ ခရီးထွက်ဖို့စီစဉ်ထားတာကို တွေ့လိုက်ရပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းသုံးယောက်သား သူငယ်ချင်းဖြစ်သူ ဆန္ဒပြည့်မြောက်အောင်ဆိုပြီးဒီပိုက်ဆံတွေ လိုက်ရှာဖို့ စွန့်စားခန်းထွက်ခဲ့ကြပြီး တစ်လမ်းလုံးပရမ်းပတာ ပေါက်ကရလေးဆယ် အခွီတွေနဲ့ စွန့်စားကြတာကိုရယ်ရယ်မောမော ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ရယ်ရတဲ့အကြောင်းအရာတွေကို ပြောပြချင်ပေမယ့် ကြိုပြောလိုက်သလိုဖြစ်မှာစိုးလို့မပြောတော့ပဲ သေချာလေး ကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်နောက်ပြီးတော့ ဒီကားလေး ကြည့်ပြီးအသက်တွေကြီးလာတဲ့အချိန်ငယ်ပေါင်းတွေနဲ့ Road Trip လေး ထွက်လိုက်ပြီး ဘဝအမောတွေဖြေဖျောက်ချင်တဲ့ဆန္ဒတွေတောင် ဖြစ်လာကြမယ်လို့ ထင်မိပါသေးတယ်ဗျာ။