Chevalier FHD

Chevalier

Drama History Music FHD 2023-04-20 6.383 107 Min

ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန်ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေးတွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်းသူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်းမှာ လူမျိုးရေးခွဲခြားတဲ့ အတားအဆီးတွေ၊ ပြင်သစ် လူ့အဖွဲ့အစည်း တော်လှန်ရေးတွေကြောင့် အထက်တန်းလွှာ ကပြားဖြစ်တဲ့ Joseph က ဘယ်ဘက်ကို သစ္စာစောင့်သိမလဲဆိုတာကို ​ဒီဇာတ်လမ်းမှာ ဆက်ပြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။