၂၁ရာစုရဲ့ လူလတ်ပိုင်းဘဝဟာဆိုရင် ယခင်ရှေးရိုးစွဲကာလတွေနဲ့ မတူတော့ဘဲ လိင်မှုကို ကျား၊မ မရွေးလွယ်လွယ်ကူကူရယူနိုင်တဲ့အမှုတစ်ခုလိုဖြစ်နေပါပြီ။ဒီထဲမှာမှ ဘလက်ကီဟာ အသက်သုံးဆယ်ကျော် လူပျိုလူလွတ်ရှေ့နေတစ်ယောက်ပါ။အိမ်ထောင်သားမွေးပြုချင်သူမဟုတ်သလို၊ အချစ်ကိုမရှိလည်းဖြစ်တယ်လို့တွေးပြီး ဘဝကို ပါတီတက်လိုက်၊ မိန်းမလိုက်စားလိုက်နဲ့ ပျော်ပျော်ပါးပါးကျော်ဖြတ်နေသူပါ။သူဟာ လိင်ကိစ္စကိုလွတ်လပ်မှုတစ်ခုလို့ တွေးသူဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်းအကြံဉာဏ်ရှိပါတယ်။ဘယ်လိုလဲဆိုတော့ A to Zနာမည်အစနဲ့ မိန်းကလေးအကုန်လုံးနဲ့အိပ်ချင်တာပါ…သူ့အတွက်တော့ အက္ခရာအစဥ်လိုက်နဲ့ အရေအတွက်က အရေးမကြီးပါဘူး။ Alpahbetအားလုံးပြည့်အောင် နေဖူးချင်သူပါ…၊ဒီလောက်ဆိုရင်ကို ဇာတ်လမ်းကတော်တော် စိတ်ဝင်စားဖို့ကောင်းနေပြီး ဇာတ်လမ်းတစ်လျှောက် သူ့ရဲ့ လိင်မှုအယူအဆတွေ၊ နေထိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ဒီလိုလိင်မှုလွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ သူဆီမှာလည်း မတို့မထိဘဲထားတဲ့ အမျိုးသမီးတစ်ယောက်ရှိပါသေးတယ်။သူ့ရဲ့အလုပ်က လုပ်ဖော်ကိုင်ဖက် အိုလ်ဂါဖြစ်ပါတယ်။ သူက ဒီအမျိုးသမီးကျမှ ဘာလို့ မတို့မထိဖြစ်နေရလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ပါ…