ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေးခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ စစ်သားတွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူဘုရင်မဂလောရက်ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီမှာ လက်ရှိဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော်ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာဆိုတဲ့ကောင်လေးကို ဓားပေးပြီးသူရဲကောင်းလုပ်ခဲ့ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီးကိုယ်တိုင် Sir ဆြာဘွဲ့ပေးအပ်တော့မယ့် အနေအထားတောင် ရောက်လာပါတယ်။ဒါပေမဲ့လည်း လူတချို့ကတော့ အညတရပြည်သူတစ်ယောက်ကိုလုပ်ခိုင်းစရာလား ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့သူရဲကောင်းတွေကြားမှာလည်း ဘယ်လီစတာတစ်ယောက် မျက်နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော်ဘော်ဒါတစ်ယောက်ပဲရှိပါတယ်။ဒီလိုနဲ့ ဘုရင်မကြီးပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ဓားက ထဖောက်ပြီး ဘုရင်မကြီးကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်းလက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာတစ်ယောက် ဝရမ်းပြေး ဖြစ်သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန်ဆိုပြီး ဝရမ်းပြေးဖြစ်နေတဲ့အချိန် နီမိုနာဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီးဘယ်လီစတာကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာတော့… ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေးနီမိုနာကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ စသဖြင့် ရိုးရိုးအေးအေးဘယ်လီစတာနဲ့ ပေါက်ကရလေးဆယ် နီမိုနာတို့ စွန့်စားခန်းထွက်ကြတာကိုကြည့်ရှုရမယ့် Animation ကားကောင်းလေး ဖြစ်ပါတယ်။ ထုံးစံအတိုင်းဟာသလေးတွေ ဝေဝေဆာဆာကြည့်ရမယ့်အပြင် ဒရမ်မာချိုးတာလေးတွေလည်း ခံစားရဦးမှာ ဖြစ်လို့ ပြေးကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။