Romantic ရုပ်ရှင်ဆိုတာနဲ့ အရင်ဆုံးပြေးမြင်ကြမှာကတော့ The Notebook ဆိုတဲ့ဇာတ်ကားပါပဲ။ဒီဇာတ်ကားက အမေရိကန် ရိုမန့်တစ် စာရေးဆရာကြီး Nicolas Sparks ရဲ့ ဝတ္ထုကိုရိုက်ကူးထားတာဖြစ်ပြီးမင်းသား Ryan Gosling နဲ့ မင်းသမီး Rachel McAdams တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆိုတာ တကယ်ရှိတယ်ပြဖို့လိုအပ်လာရင် ဒီရုပ်ရှင်ကိုထိုးပြလိုက်ယုံပါပဲ…“ငါတို့ချစ်ခြင်းက ငါတို့ ဖြစ်ချင်တာ အကုန်လုပ်ပေးနိုင်တယ်လို့ ငါထင်တယ်”ချစ်ခြင်းနဲ့ဖန်ဆင်းထားတဲ့ကမ္ဘာကြီးဟာ ဘယ်လောက်ထိလှပလဲဆိုတာ ခံစားကြည့်ကြပါဦး။