Agilanဇာတ်ကားလေးကတော့ လူမိုက်Agilanဟာ အိန္ဒိယပင်လယ်ဆိပ်ကမ်းကို လက်ဝါးကြီးအုပ်ထိန်းချုပ်နေတဲ့ လူမိုက်အဖွဲ့အစည်းတစ်ခုရဲ့လူမိုက်ငယ်လေးတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့အရည်အချင်းကြောင့် သူဌေးဖြစ်သူကို ကျော်ကာ အိန္ဒိယပင်လယ်ရဲ့ဘုရင်ဖြစ်လာခဲ့တယ်။Agilanတို့ လူမိုက်ဂိုဏ်းကြောင့် ဆိပ်ကမ်းမှာ တရားမဝင်ပစ္စည်းတွေတင်သွင်းမှု ဖြစ်စဉ်တွေက များပြားလာခဲ့တယ်။အဲ့ပြသာနာကိုဖြေရှင်းဖို့အတွက် အစိုးရကရဲအရာရှိGokulကို ဆိပ်ကမ်းလုံခြုံရေးခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တယ်။Gokulက ရက်စက်ပြီး အရက်စွဲနေတဲ့ ရဲတစ်ယောက်ဖြစ်တဲ့အပြင် သေခြင်းတရားကိုလဲမကြောက်ရွံ့သူဖြစ်တယ်။ဒုစရိုက်သမားတွေကို ရက်ရက်စက်စက်ကိုင်တွယ်ဖြေရှင်းရာမှာ နာမည်ကြီးတဲ့ Gokulဟာ လူမိုက်Agilanကို ပြစ်မှတ်ထားဖမ်းဆီးဖို့စတင်ပါတော့တယ်ဒုစရိုက်လောကမှာကျင်လည်နေတဲ့ အိန္ဒိယပင်လယ်ဘုရင်Agilanကို Gokulတစ်ယောက်ဖမ်းဆီးနိုင်ပါ့မလား။Agilanကရော ဘယ်လိုရည်ရွယ်ချက်ကြောင့်အိန္ဒိယဆိပ်ကမ်းကို ထိန်းချုပ်ချင်နေရတာလဲဆိုတာကို ကြည့်ရှူကြပါအုံး။