Aseq HD

Aseq

Drama Horror HD 2023-06-22 7 106 Min

ဒီတစ်ခါမှာတော့ Horror movieတွေမှ ကြိုက်တတ်တဲ့ပရိတ်သတ်ကြီးအတွက်Aseqဆိုတဲ့အိန္ဒိယဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ဆာရင်မ် အာဒီ ရွန်နီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဘားတစ်ခုမှာအရက်အတူတူသောက်နေရင်းရွန်နီဟာကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။အရင်ကောင်မလေးနဲ့ ပူပူနွေးနွေးလမ်းခွဲထားတဲ့ရွန်နီဟာ လဲလိုင်ဆိုတဲ့မိန်းမချောလေးနဲ့တွေ့တော့ ညှိသွားခဲ့ပါတယ်။အဲ့ချိန်ကစပြီးသူ့ဆီမှာစိတ်ထင်ယောင်ထင်မှားဖြစ်တာတွေတစ်ခုခုကခြောက်လှန့်တာမျိုးတွေဖြစ်လာပါတယ်။သူကတော့ သူ့အရင်ရည်းစားစုန်းအတတ်နဲ့ပြုစားတယ်ထင်နေခဲ့တာပါ။အဲ့တော့ ရွန်နီဒီလိုတွေဖြစ်လာတဲ့ အကြောင်းရင်းတရားခံကဘယ်သူလဲ။ဘာကြောင့်ရွန်နီ ဒီလိုတွေခံစားနေရတာလဲဆိုတာကိုစိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဂျင်ဆိုတဲ့ လူသားမဟုတ် သရဲမဟုတ်တဲ့မျိုးစိတ်တစ်ခုအကြောင်း ရိုက်ပြထားတာမလို့ အတော်စိတ်ဝင်စားစရာကောင်းမှာဖြစ်တဲ့အတွက်လက်မလွှတ်တမ်းကြည့်ကြပါ။