ဒီတစ်ခေါက်မှာတော့ အိန္ဒိယဇာတ်ကားလေးပဲဖြစ်တဲ့ Fuglyဆိုတဲ့ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါမယ်ဒေ့ဗ်တို့ သူငယ်ချင်းလေးယောက်ဟာ ငယ်စဉ်ကတည်းပေါင်းလာခဲ့တဲ့သူငယ်ချင်းတွေပါလူငယ်သဘာဝ ပျော်ကြ ပွေကြနဲ့ ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာနိုင်ငံတော်ရဲ့ရက်စက်ယုတ်မာမှုတွေ အထက်အရာရှိတွေရဲ့ တရားမမျှတမှုတွေကိုခါးစည်းခံခဲ့ရပါတယ်။နိုင်ငံ့လူကြီးတွေရဲ့ သမာသမတ်မကျမှုလာဘ်စားမှုတွေကြောင့် လူငယ်တွေရဲ့ဘဝဘယ်လောက်တောင်ပျက်စီးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပါ။အဲ့လိုအနိုင်ကျင့်ခံနေရတဲ့လူငယ်တွေကလည်းအမှန်တရားတွေပေါ်ပေါက်လာဖို့ တရားမျှတမှုရဖို့ ဘယ်လိုတွေဆက်လုပ်သွားမလဲဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာကို ရင်နင့်ဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။