Tiger's Tail HD

Tiger's Tail

Romance HD 2022-07-22 1 125 Min

အမ်မရာလို့ ခေါ်တဲ့ US ရောက် နိုင်ဂျီးရီးယားသူလေးဟာမိခင်နိုင်ငံက ကလေးတွေကိုလည်းကူညီပေးဖို့ နိုင်ဂျီးရီးယားကို ပြန်လာပါတော့တယ်။ ခရီးရောက်မဆိုက် ချစ်သူကလက်ထပ်ခွင့်ပါတောင်းလိုက်တော့ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဖြစ်သွားတာပေါ့။ဒီလိုနဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ ကလေးတွေကို စာသင်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ဆိုတဲ့အတိုင်း ခိုးဆိုးလုနှိုက် ဆေးဝယ်ဆေးရောင်းကောင်တွေကလည်းရှိနေတော့ သူတို့ရဲ့ဘိပျောက်မှာ စိုးရိမ်လာတဲ့အခါ အမ်မရာကိုမကြည်ကြတော့ပါဘူး။ တစ်ဖက်မှာလည်း LDRS ဖြစ်နေတုန်းက ကျင်းအစုံတူးထားတဲ့ ရည်းစားရဲ့ အပုပ်နံ့ကိုလည်း သိသွားရပါတော့တယ်။အမ်မရာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရပြီးဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။