Not Your Romeo & Juliet FHD

Not Your Romeo & Juliet

Unknown FHD 2023-05-20 2 70 Min

ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံးတွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။တစ်နေ့မှာတော့ မစ်ကီ‌ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီးပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က မစ်ကီဆိုတာသိသွားပါတယ်။ ကျောင်းကလည်းပညာသင်ဆုအတွက်ရွေးဖို့ မစ်ကီတို့၂ယောက်ကို စကားရည်လုပွဲလုပ်ပေးတဲ့အခါ နိုအာက ပြသာနာမကြီးချင်လို့ သူ့အခန်းဖော် ဟျူဂိုကို ဟန်ဆောင်ခိုင်းပါတယ်။ ဒါပေမဲ့ အစမ်းပြောကြရင်းပြသာနာပိုကြီးသွားပြီး ဟျူဂိုက ဟန်ဆောင်တာပါ သိသွားတဲ့အခါ မစ်ကီတို့၂ယောက်ဆက်ဆံရေးက ပိုဆိုးသွားပြီး တွေ့တာနဲ့ စကားနိုင်လု ရန်ဖြစ်ကြပါတော့တယ်။မစ်ကီ ယုံကြည်ထားတဲ့ Romanceဆိုတာတကယ်ပဲ အရေးမပါဘူးလား… အချစ်က လက်တွေ့ဘ၀မှာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ… သဘောထားမတိုက်ဆိုင်တဲ့ သူတို့၂ယောက် နောက်ဆုံး ဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ဇာတ်လမ်းကိုအားပေးရင်း တွေးကြည့်ကြပါ။မစ်ကီ့အမေက ကျောင်းသူဖြစ်နေတာကို ဖုံးချင်တဲ့အတွက် ပါမောက္ခကို ပညာရေးအကဲဖြတ်သူအနေနဲ့ ညာထားတာမို့ အလွဲလေးတွေကိုပါ ဟာသဆန်ဆန်ကြည့်ရမှာပါ။