Against the Sun FHD

Against the Sun

Adventure War FHD 2014-11-22 7 99 Min

ဒီဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပျံရင်း ရေပေါ် ထိုးဆင်းခဲ့ရတဲ့ အမေရိကန်စစ်သားသုံးဦးရဲ့ဖြစ်ရပ်မှန်လေးပါ။ရေတပ်လေယာဥ်မှူး Harold Dixon၊ ဗုံးကြဲသမား TonyPastula နဲ့ရေဒီယိုသမား Gene Aldrich တို့သုံးဦးအကြောင်းပါ။တစ်ကားလုံး သူတို့သုံးဦးနဲ့ပဲ ဇာတ်အိမ်ဖော်ရိုက်ကူးထားပါတယ်…။သူတို့ရဲ့လေယာဥ်ဟာ ကင်းထောက်တာဝန်တစ်ခုနဲ့ ကင်းလှည့်နေတုန်းမိခင်သင်္ဘောနဲ့ ရေဒီယိုမမိဖြစ်ကာ အဆက်အသွယ်ပြတ်သွားပါတယ်…။ရေဒီယိုမမိတော့ တည်နေရာမသိတော့ဘူး…။ဆက်လက်ပျံသန်းရင်းနဲ့ ဆီကုန်ပြီး ပျက်ကျမယ့် အခြေအနေရောက်နေပါပြီ…မတတ်သာတဲ့အဆုံး လေယာဥ်မှူး Harold Dixonဟာ ရေပြင်ပေါ်မှာအရေးပေါ်ဆင်းပြီး လာကယ့်မယ့် အစီအစဥ်ကိုပဲ စောင့်နေရပါတယ်…။တစ်ရက်ပြီးတစ်ရက်သာကြာသွားတယ်ကယ်ဆယ်မယ့်လေယာဥ်လည်းမလာ…၊တစ်နေ့ တစ်နေ့ အပြောကျယ်တဲ့ ပင်လယ်ကြီးကိုသာထိုင်ကြည့်ရင်း…ရန်သူနဲ့အရင်တွေ့သမား သေမင်းနဲ့အရင်တွေ့မလား ဖြစ်နေပါပြီ…ဒီလို ဖောင်တစ်စီးနဲ့လူသုံးယောက်..လှော်တက်၊စားစရာ၊ရေဘာတစ်ခုမှမရှိဘဲ သမုဒ္ဒရာထဲမှာ မိုင်တစ်ထောင်ကျော်ဖြတ်ခဲ့ကြပုံကိုအမှန်အတိုင်းမြင်တွေ့ရမယ့် survivalဆန်ဆန် Biography movieလေးဖြစ်ပါတယ်…။