FHD
Tinker Bell and the Great Fairy Rescue
နွေရာသီအစကိုရောက်ခဲ့ပြီ။ ပင်မနယ်မြေကို ဆောင်းကုန်ပြီးနွေကူးစေဖို့ တာဝန်ကျရာ နတ်သူငယ်တို့လည်း အသီးသီးရောက်လာကြချိန်ပေါ့။Tinkerbell တို့စခန်းချထားတဲ့နေရာနားမှာတော့ Lizzy တို့သားအဖရဲ့ နယ်ခွဲအိမ်လေးပါပဲ။ စပ်စုတတ်တဲ့ Tinkerbell ကတော့သားအဖနှစ်ယောက်ရောက်ရောက်ချင်းမှာပဲ Lizzy အဖေရဲ့ ကားကိုမျက်စိကျပြီး အနီးကပ်သွားကလိပါတော့တယ်။ စခန်းကိုအပြန်လမ်းမှာ မြက်ခင်းထဲက နတ်သူငယ်အရွယ်နဲ့ ကွက်တိဖြစ်နေတဲ့အိမ်သေးသေးလေးတစ်လုံးထဲကို Tinkerbell ဝင်သွားပြီးနောက်မှာတော့ … ပန်းလေးတွေခူးပြီးပြန်ရောက်လာတဲ့ Lizzy လည်းသူ့နတ်သမီးအိမ်တံခါးလေးလှုပ်နေတာကို တွေ့လိုက်ရတဲ့အခါ ….