Rudramambapuram HD

Rudramambapuram

Drama HD 2023-07-06 8.3 0 Min

ဒီတစ်ခါမှာတော့ Rudramambupra ဆိုတဲ့အိန္ဒိယပညာပေးဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်။ပင်လယ်ကိုမှီပြီးနေထိုင်စားသောက်နေရတဲ့ ပင်လယ်ကမ်းခြေကရွာလေးတစ်ရွာမှာငါးဖမ်းသမားတွေဟာစည်းစည်းလုံးလုံးအတူတကွ နေထိုင်ကြပါတယ်။ပင်လယ်နေသတ္တဝါတွေ မျိုးသုဉ်းမသွားစေဖို့သူတို့လည်းစားဝတ်နေရးအတွက် အဆင်ပြေဖို့ တံငါသည်တွေဟာ စည်းမျည်းလေးတွေချပြီးအားလုံးကလည်းသဘောတူ လိုက်နာဆောင်ရွက်နေကြပါတယ်။အဲ့လိုနဲ့ တစ်နေ့မှာ တီရူပသီဆိုတဲ့တံငါသည်တစ်ယောက်ရဲ့သားဟာ ရှီဗေးရားဆိုတဲ့ ရွာခေါင်းဆောင်နဲ့ရွာအပေါ်နာကျည်းမှုတွေဖြစ်ပြီး ရွာကိုဒုက္ခရောက်အောင် လုပ်ခဲ့ပါတယ်။ငါးတွေမျိုးသုဉ်းအောင်လုပ်ပြီးပင်လယ်ကိုဒုက္ခပေးခဲ့ပါတယ်။အဲ့လိုနဲ့ တံငါရွာလေး ဘာတွေဖြစ်သွားမလဲတီရူပသီကရောဘယ်လိုတွေအထိယုတ်မာမှာလဲဆိုတာကို ရိုက်ကူးပြထားတာပါ။ဇာတ်အိမ်အတော်ခိုင်ပြီသဘာဝကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်လို့ အတော်သတောတွေ့စေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။