မင်းသားကြီး Pierce Brosnan ပါဝင်ထားတဲ့ “The Outlaws” ဆိုတဲ့ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အိုဝင်ဘရောင်းနင်းဟာရိုးအတဲ့ဘဏ်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ချစ်သူကောင်မလေးဖြစ်တဲ့ပါကာမက်ဂ်ဒါမက်နဲ့လက်ထပ်တော့မှာပဲဖြစ်ပါတယ် အိုဝင်ဟာ သူ့ကောင်မလေးနဲ့တွဲလာတာနှစ်တွေကြာပြီး လက်ထပ်တော့မယ်ဆိုပေမယ့်သူ့ကောင်မလေးရဲ့အဖေနဲ့အမေကို တစ်ခါလေးတောင်မတွေ့ဖူးပါဘူး ဒါပေမယ့် သူတို့မင်္ဂလာဆောင်တော့မယ့်အချိန်မှာတော့ ပါကာရဲ့မိဘတွေဟာသူတို့သမီးမင်္ဂလာဆောင်ကိုတက်ဖို့အတွက် ရောက်လာပါတော့တယ် အဲဒီအချိန်ကျမှ အိုဝင်ရဲ့ဘဝကြီးက ကျွမ်းထိုးမှောက်ခုံတွေစဖြစ်တော့တာပါသူ့ကောင်မလေးရဲ့ပါကာရဲ့ မိဘတွေဟာ သာမန်လူတွေမဟုတ်ဘဲ တစ္ဆေဓားပြတွေလို့နာမည်ကြီးတဲ့ ဘဏ်ဓားပြတိုက်သူတွေဖြစ်နေတာပါပဲကဲ..အိုဝင်တစ်ယောက် ဘယ်လိုပြဿနာတွေကိုကြုံတွေ့ရဦးမလဲ၊သူ့ကောင်မလေးရဲ့မိဘတွေကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေက အိုဝင်နဲ့ပါကာအပေါ်ဘယ်လိုသက်ရောက်လာဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်