In Your Eyes FHD

In Your Eyes

Drama Science Fiction Romance FHD 2014-04-20 7.158 105 Min

ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင် ကောင်လေးနဲ့ကောင်မလေးပေါ့နော်။ ကောင်လေးကကျ ဖောက်ထွင်းမှုတွေကြောင့်ထောင်ကျထားပြီး လက်ရှိမှာတော့ ခံဝန်နဲ့ အစိုးရကပေးထားတဲ့အလုပ်လုပ်နေပြီး ဘဝကို လိမ်လိမ်မာမာနဲ့ ဖြတ်သန်းနေရတာပေါ့။ ကောင်မလေးကကျ အရာအားလုံးကို ကြောက်ရွံတဲ့စိတ်လေးရှိပြီး ဆရာဝန်အစ်ကိုကြီးကိုအားကိုးဖို့ ယူထားတာပေမဲ့ သူ့ရဲ့အလိုတော်ကျ လိုက်ကပြရတဲ့ရုပ်သေးမလေးလိုသာ နေနေရတဲ့ဘဝပေါ့။ ဒီလိုနဲ့ နှစ်ယောက်သားကျွန်တော် အပေါ်မှာရှင်းပြခဲ့သလို ချိတ်ဆက်မိပြီး အချင်းချင်း ရင်တွေဖွင့်ခင်မင်ရင်းနှီးလာကြတယ်ပေါ့လေ။ကောင်မလေးက အိမ်ထောင်သည်ဆိုတော့လည်း ကောင်လေးက စိတ်ရှိသော်ငြားလည်း စည်းမကျော်ရဲဘူးပေါ့။ ဒါပေမဲ့ တဖြည်းဖြည်း သံယောဇဉ်တွေက ပိုမိုတိုးပွားလာပြီးတစ်ဦးအတွက်တစ်ဦးဖြစ်တည်နေပေးရတာကို သိလိုက်ကြတဲ့အခါမှာတော့….။ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ ပေါင်းစပ်နိုင်ကြပါ့မလား၊တစ်ယောက်ချင်းစီရဲ့ ဘဝအခက်အခဲပြဿနာတွေကိုလည်းဘယ်လိုတွေဖြေရှင်းပြီး ဘယ်လိုတွေ စွန့်စားကြမလဲဆိုတာကို ရိုမန်တစ်ဆန်ဆန်လေးကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်တေးထဲကဆိုလည်း ဇာတ်ကားတစ်ဝက်လောက်မှာ ထည့်ထားတဲ့ Trouble I’mIn ဆိုတဲ့ သီချင်းလေးကတော်တော်ကောင်းတာမို့ ကျွန်တော်ဆို ခုထိ နားထောင်ဖြစ်နေတုန်းပါ။ခံစားနိုင်ကြပါစေ…..။