အက်ဖ်ဘီအိုင်က စာအုပ်ကြီးအတိုင်း လုပ်နေကြ အေးဂျင့်ကိတ်တစ်ယောက် တစ်ရက်မှာ ပြန်ပေးဆွဲသတင်းရလို့ အိမ်တစ်အိမ်ဝင်စီးရာကနေ လူသေလောင်းပေါင်းများစွာနဲ့ မက်ဆီကိုမူးယစ်ဂိုဏ်းကိစ္စတွေဆိုတာ သိလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဒီလိုငယ်ရွယ်ပြီး အတွေ့အကြုံရှိတဲ့အေးဂျင့်ကို တရားရေးရာအကြံပေးဆိုတဲ့ ဘဲကြီးမက်ဆိုတဲ့လူက သဘောကျပြီးသူတို့အသစ်ဖွဲ့ထားတဲ့ညွန့်ပေါင်းအဖွဲ့ထဲ ဝင်မလားပေါ့ ဒီနေ့ ဒီလူသေအလောင်းတွေအားလုံးရဲ့ လက်သည်တာဝန်ရှိတဲ့လူကို လိုက်ရှာမှာ မင်း စိတ်မပါဘူးလားဆိုတော့ ကိတ်တစ်ယောက် လိုက်ပါသွားခဲ့တယ်။ဒီလိုသွားတဲ့အချိန်မှာ စပိန်စကားလည်းရပြီး လူတွေကို မှုန်ကုပ်ကုပ်ကြည့်ပြီးအိပ်ရေးမဝတဲ့ ထူးဆန်းတဲ့ ဘဲကြီးတစ်ပွေကလည်း ပါလာပြန်သေးတယ်။ အဲဒါနဲ့ ညွန့်ပေါင်းအဖွဲ့ စတင်ပြီး မက်ဆီကိုမူးယစ်ဂိုဏ်းစစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါမှာတော့ ကိတ်အတွက်က မှန်းချက်နဲ့နှမ်းထွက် မကိုက်သလိုတွေ ဖြစ်ခဲ့ရတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်နေကြ ကိတ်နဲ့ ဒီအဖွဲ့အစည်းရဲ့သမားရိုးကျမဟုတ်တဲ့နည်းတွေအံ့သြစရာတွေ နောက်ကွယ်က တကယ့်လျှို့ဝှက်ချက်တွေကိုကိတ် သိလိုက်ရတဲ့ခါမှာတော့….။အဖွဲ့ခေါင်းဆောင်နေရာ ဂွတီးဂွကျနဲ့ ဆော်စရာရှိလည်းအသေဆော်ပြီးကြမ်းပြတဲ့ Brolin ရော မှုန်ကုပ်ကုပ်နဲ့ တစ်ကားလုံး လုပ်စရာရှိတာကိုသွေးအေးအေးနဲ့ လုပ်ပြသွားတဲ့ Del Toro ရယ် လူသစ်လေးနေရာကနေဘာမှန်း တစ်လုံးတစ်လေမှ မသိရပဲနောက်ကနေ အူကြောင်ကြောင်နဲ့စိတ်အလိုမကျမှုတွေနဲ့ အေးဂျင့် Blunt ကလည်း အကြမ်း။တစ်ကားလုံး သူ့နေရာကနေ ဝင်ခံစားကြည့်လိုက်ပါ ရင်တစ်ထိတ်ထိတ်နဲ့ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိပဲဟိုဘဲကြီးနှစ်ပွေနောက် လိုက်နေရတဲ့ဖီးလ်က သည်းထိတ်ရင်ဖိုကားဆန်ဆန်နဲ့ ပရိုကျကျ ဖြုတ်ကျတာတွေကိုခံစားရမှာပါ။ သာမန်အက်ရှင်ကြည့်နေကြလူတွေအတွက်တော့နည်းနည်းအသွားအလာလေးပြီးပျင်းသလို ဖြစ်နိုင်ပါတယ် ဒါပေမဲ့ပြီးအောင်သာဆက်ကြည့်ကြပါ တကယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားမို့လက်မလွှတ်စေချင်ပါဘူး။