ရုရှားရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦးဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းကနေ အမေရိကန်ကို ထွက်ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီးရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အမေရိကန်ဘက်မှာ ခိုလှုံမယ့်အကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှားတွေ အသည်းအသန်တားဆီးဖို့ အကြောင်းဖန်လာတာပါ။ အမေရိကန်တွေအမြင်မှာတော့ တာဝေးပစ်ဒုံးတွေ သယ်ဆောင်လာတဲ့ ဆိုဗီယက်ပိုင်ရေငုပ်သင်္ဘောကြီးကအကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့ကတော့ CIA ရဲ့ သုတေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အနေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သဘောထားကို ယူအက်စ်အာဏာပိုင်တွေ၊ ရေတပ်အရာရှိတွေ ယုံကြည်အောင် နားချရပါတော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအရောက်မခံနိုင်လို့ သွေးထိုးမှုတွေဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ရှေ့နောက်ညှပ်တိုက်မှုကို ခံရမယ့်အခြေအနေပါ။ဂျက်အနေနဲ့ ဆိုဗီယက်ရဲ့သွေးထိုးမှုတွေကို ယူအက်စ်အာဏာပိုင်တွေ နားမယောင်အောင် ပြောနိုင်မလား။ အနောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘောတွေရန်ကနေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။