အနေအေးပြီး အတွေ့အကြုံနည်းတဲ့ ဆာရှာဟာ ပွင့်လင်းရဲတင်းတဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ကယ်လီနဲ့အတူ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေခရီးတစ်ခု ထွက်လာခဲ့တယ်။ ဒါပေမဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ယောက်ကို ကယ်တင်မိလိုက်တဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ သာယာပျော်ရွှင်စရာ ခရီးလေးဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ထောင်ချောက်တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဘယ်သူက အမှန်ပြောနေတာလဲ။ ဘယ်သူက လိမ်ညာနေတာလဲ။ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။