Echoes of Deception FHD

Echoes of Deception

Thriller 2026 FHD 2026

ဒီဇာတ်လမ်းကတော့ စုံထောက်မလေး Brandi တစ်ယောက် မိန်းကလေးငယ်တွေ ပျောက်ဆုံးမှုကို စုံစမ်းရင်း ကိုယ့်သမီးလေးပါ အန္တရာယ်ကျရောက်လာလို့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ လူသတ်မှုဖုံးကွယ်မှုတွေကြား ပိတ်မိသွားတဲ့ မှုခင်း Thriller ဇာတ်ကားတစ်ကားပါ။ စုံထောက် Brandi က ဗန်ကားအဖြူတစ်စီးနဲ့ ဆက်စပ်ပြီး မိန်းကလေး ၈ ယောက် ပျောက်ဆုံးသွားတဲ့ အမှုကြီးကို လိုက်လံစုံစမ်းနေတာပါ။ အမှုကို နက်နက်နဲနဲ လိုက်လေလေ သူ့အတွက် အန္တရာယ်များလာလေ ဖြစ်ပြီး သူ့သမီးလေးပါ အန္တရာယ်ကြုံလာရသလို သူ့နောက်ကိုလည်း တစ်ယောက်ယောက်က တိတ်တဆိတ် လိုက်စောင့်ကြည့်နေတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ အမှုက ကိုယ့်မိသားစုနဲ့ နီးစပ်တဲ့သူတွေဆီ ရောက်လာတဲ့အခါ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့အတွက် လူသတ်မှု သက်သေတွေကို ဖုံးကွယ်ပေးရမလို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီအပြင် DNA စစ်ဆေးချက်တွေနဲ့ သဲလွန်စတွေအရ တရားသူကြီး Newsome ရဲ့ သားဖြစ်သူ Cameron Newsome တို့နဲ့ ဆက်စပ်နေတဲ့ မိသားစု လျှို့ဝှက်ချက်တွေ ပေါ်လာသလို သေပြီလို့ ထင်ထားတဲ့ အတိတ်က လူတစ်ယောက် အသက်ရှင်နေသေးတာကိုပါ သိလိုက်ရပါတယ်။ ဒီလိုနဲ့ အတိတ်က နာကျင်စရာတွေ၊ မိသားစုချင်း သစ္စာဖောက်မှုတွေနဲ့ လျှို့ဝှက်ချက်တွေ ဘယ်လို ဗူးပေါ်သလို ပေါ်လာမလဲ၊ Brandi တစ်ယောက် သူ့သမီးလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာကတော့...။