The Mosquito Bowl FHD

The Mosquito Bowl

The Mosquito Bowl (၂၀၂၆) ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ပွဲနဲ့ အားကစား ဒရာမာ (WWII Sports Drama) ဇာတ်ကားကြီးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++ ပုလဲဆိပ်ကမ်း (Pearl Harbor) ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အမေရိကန်က နာမည်ကြီး ကောလိပ် ဘောလုံး (American Football) ကြယ်ပွင့် လူငယ်လေးယောက်ဟာ သူတို့ရဲ့ တောက်ပတဲ့ အားကစားဘဝတွေကို စွန့်လွှတ်ပြီး အမေရိကန် မရိန်းတပ်ဖွဲ့ (US Marine Corps) ထဲကို စိတ်အားထက်သန်စွာ ဝင်ရောက်ခဲ့ကြပါတယ်။ စစ်ပွဲရဲ့ ကြမ်းတမ်းမှုတွေကြားထဲ ရောက်သွားတဲ့ သူတို့လေးယောက်ဟာ ဂျပန်တွေကို တိုက်ခိုက်မယ့် အိုကီနာဝါ (Okinawa) စစ်ဆင်ရေးကြီး မတိုင်ခင် ဂွါဒယ်လ်ကနယ်လ် (Guadalcanal) ကျွန်းပေါ်မှာ စခန်းချနေချိန် တပ်ရင်းနှစ်ခုကြား သမိုင်းဝင် ဘောလုံးပွဲကြီးတစ်ပွဲ ကျင်းပဖို့ ဖြစ်လာပါတယ်။ စစ်မြေပြင်ရဲ့ ဖိအားတွေကို ခဏမေ့ပြီး လူငယ်ဘဝကို ပြန်ခံစားရတဲ့ အဲဒီပွဲလေးကပဲ သူတို့ထဲက အများစုအတွက် ဘဝရဲ့ နောက်ဆုံးပွဲ ဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒီဇာတ်ကားဟာ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ခရစ္စမတ်အကြိုနေ့) မှာ ဂွါဒယ်လ်ကနယ်လ်ကျွန်းပေါ်က အမေရိကန် မရိန်းတပ်မ ၆ (6th Marine Division) ရဲ့ တပ်ရင်းနှစ်ခုဖြစ်တဲ့ 4th Marines နဲ့ 29th Marines တို့ကြား တကယ်ကစားခဲ့တဲ့ "Mosquito Bowl" ဘောလုံးပွဲကို အခြေခံထားတာပါ။ ဘီယာသောက်ရင်း ဘယ်တပ်ရင်းက ဘောလုံးပိုကောင်းလဲဆိုပြီး စိန်ခေါ်ရာကနေ သန္တာကျောက် (Coral) တွေနဲ့ မြေကြမ်းပေါ်မှာ ကွင်းဖောက်ပြီး တကယ့်ပွဲကြီးလို ကစားခဲ့ကြတာပါ။ ပါဝင်ကစားတဲ့ စစ်သား ၆၅ ယောက်ထဲမှာ ကောလိပ်နဲ့ ပရိုဖက်ရှင်နယ် ဘောလုံးသမားဟောင်းတွေ အများကြီးပါဝင်ပြီး စစ်သား ၁,၅၀၀ လောက်က ဘေးကနေ အားပေးခဲ့ကြပါတယ်။ ပွဲရလဒ်ကတော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ သရေ (0-0) ကျခဲ့ပါတယ်။ အဲဒီပွဲအပြီး ၃ လအကြာ ၁၉၄၅ မတ်လမှာ သူတို့တပ်မကြီး အိုကီနာဝါတိုက်ပွဲဆီ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဖြစ်တဲ့ အိုကီနာဝါမှာ Mosquito Bowl ဝင်ကစားခဲ့တဲ့ လူငယ် ၆၅ ယောက်ထဲက ၁၅ ယောက် ကျဆုံးသွားခဲ့သလို၊ ပွဲလာကြည့်ခဲ့တဲ့ စစ်သား ၁,၅၀၀ ထဲက တစ်ဝက်ကျော်ဟာလည်း တိုက်ပွဲအတွင်း အသက်ပေးခဲ့ကြရပါတယ်။ ဒီတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်း ကောလိပ်အားကစားသမားတွေ အများဆုံး ကျဆုံးခဲ့တဲ့ တိုက်ပွဲအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ * ဂျွန် မက်လော့ခ်ရီ (John McLaughry) အဖြစ် *Nicholas Galitzine* * ဘော့ဘ် ဘောမန်း (Bob Baumann) အဖြစ် *Bill Skarsgård* * တိုနီ ဘတ်ကိုဗစ်ချ် (Tony Butkovich) အဖြစ် *Ray Nicholson* * ဒေ့ဗ် ရှရိုင်နာ (Dave Schreiner) အဖြစ် *Tom Francis* * ဒါ့အပြင် NFL ကစားသမားဟောင်း *Pat McAfee* ကလည်း စစ်သင်တန်းနည်းပြ (Drill Instructor) အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဒီကားက ဘောလုံးကားသက်သက် မဟုတ်ဘဲ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သွေးထွက်သံယို တိုက်ပွဲခန်းတွေကို အရှိအတိုင်း ပြသထားတဲ့ R-rated စစ်ကားပါ။ လူငယ်စစ်သားလေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ရင်နင့်စရာ သမိုင်းဖြစ်ရပ်မှန်ကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဒီကနေ့ပဲ တင်ပေးထားလိုက်ပါပြီ။