ဒီဇာတ်လမ်းအစကတော့ လွန်ခဲ့တဲ့ ၁၇ နှစ် Roseville မြို့က ရှော့ပင်းမောလ်ကြီးပေါ်ကို ဥက္ကာခဲလို အရာတစ်ခု ပြုတ်ကျခဲ့ပြီးနောက် အဲဒီ mall ကြီးကို ပိတ်ပစ်လိုက်ရတာကနေ စပါတယ်။ အခုလက်ရှိအချိန်မှာ အဲဒီ mall ဟောင်းကြီးကို ဖြိုချတော့မှာမို့ Archie ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက သရဲရှာတဲ့ ပစ္စည်းတွေ၊ ကင်မရာတွေယူပြီး ညဘက်ကြီး ခိုးဝင်ကြပါတယ်။ Mall ထဲရောက်တော့ သူတို့ထင်ထားသလို သရဲမဟုတ်ဘဲ ပိုးကောင်ပုံစံ ဂြိုဟ်သားလေးတွေကို စတွေ့ရပါတယ်။ လူချင်းကွဲသွားချိန်မှာ Zander ကို လူပုံစံဂြိုဟ်သားတစ်ကောင်က ဆူးချွန်နဲ့ထိုးလိုက်လို့ လှုပ်မရဖြစ်သွားပြီး သူငယ်ချင်းတွေက မနည်းဆွဲထုတ်ပြေးခဲ့ရပါသေးတယ်။ ဒါပေမဲ့ သူတို့ပြောတာကို ဘယ်သူမှ မယုံကြလို့ Zander ရဲ့ ရည်းစားဟောင်း သတင်းထောက်မလေး Kate ကိုပါ ခေါ်ပြီး သက်သေယူဖို့ mall ထဲ ပြန်ဝင်ခဲ့ကြပါတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ ၁၇ နှစ်က ပြုတ်ကျခဲ့တာ ဥက္ကာခဲမဟုတ်ဘဲ အစိုးရက ဘာတွေဖုံးကွယ်ထားတာလဲ၊ ပြီးတော့ Kate ရဲ့ အဖေနဲ့ပါ ပတ်သက်နေတာတွေက ဘာတွေလဲ၊ mall ကြီးထဲကနေရော သူတို့အုပ်စု အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုရမယ့် Sci-fi horror, Thriller တစ်ကားပဲ ဖြစ်ပါတယ်။