ဇာတ်လမ်းအကျဥ်းကတော့ Thelma ဟာ ခင်ပွန်းဖြစ်သူရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံနေရတဲ့ ရိုးရိုးအအ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်သူ Louise ကတော့ အတိတ်ကစိတ်ဒဏ်ရာတစ်ခုကိုခံစားနေရတဲ့ စားပွဲထိုးတစ်ဦးပါ။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့ သာမန်မိန်းကလေးတွေဖြစ်ကြပြီး စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်နှစ်ယောက်သား အပန်းဖြေခရီးထွက်လာကြပါတယ်။ လမ်းခုလတ်မှာတော့ ရာဇဝတ်မှုတစ်ခုကို မတော်တဆကျူးလွန်မိရာကနေ ဥပဒေလက်ကနေထွက်ပြေးဖို့ အသည်းအသန်ကြိုးစားကြရပါတော့တယ်