Way of the Warrior Kid FHD

Way of the Warrior Kid

Drama 2026 FHD 2026

Way of the Warrior Kid (၂၀၂၆) ကတော့ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာပဲ အသစ်စက်စက်ထွက်လာတဲ့ Chris Pratt ရဲ့ အသစ်စက်စက် မိသားစု အက်ရှင်ဒရာမာ ဇာတ်ကားလေးပါ။ နာမည်ကျော် အမေရိကန် Navy SEAL စစ်သားဟောင်း Jocko Willink ရေးသားထားတဲ့ နာမည်တူ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ McG (Charlie's Angels, Terminator Salvation) က ရိုက်ကူးထားပါတယ်။ ကြာချိန်ကတော့ ၁ နာရီနဲ့ ၄၆ မိနစ် ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ ဇာတ်လမ်းကတော့ အသက် ၁၁ နှစ်အရွယ် မာ့ခ် (Marc) ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကနေ စပါတယ်။ မာ့ခ်က ရှက်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့အပြင် ကျောင်းမှာလည်း အမြဲအနိုင်ကျင့် (Bully) ခံနေရတဲ့ ကောင်လေးပါ။ တစ်ခုသော နွေရာသီမှာတော့ မာ့ခ်ရဲ့ ဦးလေးဖြစ်သူ ဂျိတ်ခ် (Jake) က သူတို့အိမ်မှာ ခဏလာနေဖို့ ရောက်လာပါတယ်။ ဦးလေးဂျိတ်ခ်က တကယ့် Navy SEAL အထူးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုမှာ သူငယ်ချင်းကို ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်လည်း လက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြန်ကုသဖို့ ရောက်လာတာပါ။ တူလေး မာ့ခ်တစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတဲ့အခါ ဦးလေးဂျိတ်ခ်က Navy SEAL လေ့ကျင့်ရေး နည်းစနစ်တွေကို အခြေခံပြီး "Operation Warrior Kid" ဆိုတဲ့ နွေရာသီ လေ့ကျင့်ရေးအစီအစဉ်ကြီးတစ်ခု ဆွဲပေးလိုက်ပါတယ်။ ဒီနေရာမှာ သဘောကျစရာကောင်းတာက ဦးလေးဂျိတ်ခ်ဟာ တူလေးကို ရန်ပြန်ဖြစ်တတ်အောင် သင်ပေးတာမျိုး မဟုတ်ဘဲ စည်းကမ်းရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့နဲ့ တကယ့်သတ္တိဆိုတာ ဘာလဲဆိုတာကို လက်တွေ့သင်ပေးသွားတာပါ။ တစ်ဖက်မှာလည်း တူလေးကို ကူညီရင်းနဲ့ ဦးလေးဂျိတ်ခ်ကိုယ်တိုင် သူ့ရင်ထဲက စစ်မြေပြင်ဒဏ်ရာတွေ၊ စိတ်ဒဏ်ရာတွေကို ဘယ်လိုပြန်ရင်ဆိုင်ပြီး ကုစားသွားမလဲဆိုတာကို နွေးနွေးထွေးထွေးနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးလေး ဂျိတ်ခ် (Uncle Jake) အဖြစ် Chris Pratt (ဒီကားမှာ ထုတ်လုပ်သူအဖြစ်ပါ ပါဝင်ထားပါတယ်) တူလေး မာ့ခ် (Marc) အဖြစ် Belfast ကားထဲက ကလေးသရုပ်ဆောင် Jude Hill မာ့ခ်ရဲ့ အမေ ဆာရာ (Sarah) အဖြစ် Linda Cardellini ဒါ့အပြင် မူရင်းစာရေးဆရာ Jocko Willink ကိုယ်တိုင်လည်း နည်းပြ Coach Adam နေရာက ပါဝင်ထားပြီး Matthew McConaughey ရဲ့ သားဖြစ်သူ Levi McConaughey နဲ့ Ava Torres တို့လည်း အားဖြည့်ထားကြပါတယ်။ ကလေးဝတ္ထုကို အခြေခံထားပေမဲ့ အက်ရှင်ခန်းတချို့နဲ့ စကားလုံးအသုံးအနှုန်း နည်းနည်းပါတာကြောင့် PG-13 သတ်မှတ်ထားပါတယ်။ ဇာတ်လမ်းက ခွန်အားဖြစ်စေတဲ့ (Inspirational) ပုံစံမျိုးလေးဖြစ်ပြီး Karate Kid လို ဆရာနဲ့တပည့်၊ ဦးလေးနဲ့တူကြားက သံယောဇဉ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ကြတဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ ကားမျိုးကြိုက်တယ်ဆိုရင်တော့ အခုပဲ ကြည့်လို့ရနေပြီမို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။