Kla Kla Klee Klee Nazriya Thirinjunookki FHD

Kla Kla Klee Klee Nazriya Thirinjunookki

မိဘပေးစားတဲ့လူနဲ့ မယူချင်တာမို့ ချစ်သူနဲ့ ခိုးရာလိုက်ပြေးဖို့ ဆုံးဖြတ်လိုက်တဲ့ နာဇာရီ။ တရားရုံးမှာ လက်မှတ်ထိုးပြီး လက်ထပ်ဖို့ကလည်း ရုံးပိတ်ရက်တွေနဲ့တိုက်နေတာမို့ ရုံးဖွင့်ရက်ထိ တစ်နေရာရာမှာ ရှောင်နေကြဖို့ စဉ်းစားကြပါတယ်။ သူတို့ ခိုးပြေးကြတဲ့နေရာမှာက သရုပ်ဆောင်သင်တန်းဖွင့်နေတာနဲ့ ခိုးပြေးရာမှာ အတူလိုက်လာတဲ့ သူငယ်ချင်းတစ်သိုက်လုံး သရုပ်ဆောင်သင်တန်း တက်ကြပါရော။ နာဇာရီကို လိုက်ရှာနေကြတဲ့ မိဘတွေနဲ့ သရုပ်ဆောင်သင်တန်းတက်နေကြတဲ့ သူတို့အဖွဲ့ရဲ့ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောတင်ဆက်ထားတာမို့ ကြည့်ရှုအားပေးကြပါဦး။