ပြည်သူတွေရဲ့ချွေးနဲစာတွေ စုထည့်ထားတဲ့ အာမာဂျိုသီဆိုတဲ့ သမဝါယမဘဏ်တစ်ခု ဒေဝါလီခံရတာနဲ့ ဇာတ်လမ်းစထားပါတယ်။ ဘဏ်ရှေ့မှာ ဆန္ဒပြနေကြပြီး ဓာတ်ဆီလောင်းတဲ့လူကလောင်း ငိုတဲ့လူက ငိုကြနဲ့ပေါ့။ တစ်ညချင်းမှာတင် တစ်သက်လုံးစုဆောင်းခဲ့သမျှတွေ ကုန်သွားလေတော့ ဘယ်သူမှ ဖြေမဆည်နိုင်ဖြစ်ကြရတာပေါ့။ ဘဏ်ရဲ့တာဝန်ရှိသူတွေကလည်း သ-တ်ေ-သတဲ့လူက ေ-သ။ ထွက်ပြေးတဲ့လူက ပြေးနဲ့ တစ်ယောက်မှ မမိခဲ့။ ဒီအမှုကို တာဝန်ကျတာကတော့ ရဲအရာရှိ ရန်ဂျစ်ကူးမား။ စိတ်ဆတ်တဲ့လူ တစ်ယောက်ပေါ့ ဘယ်လောက်အထိလဲဆိုရင် သူ့ရှေ့မှာ ဓာတ်ဆီလေ-ာင်းနေရင် မီးပါရှို့ပေးတဲ့လူစားမျိုး။ သူ့မှာက ညီမတစ်ယောက်ရှိတယ်။ သူ့ညီမရဲ့ကောင်လေးက အဘီဆိုတဲ့ သတင်းထောက်တစ်ယောက် ။ သူကလည်း သူ့အလုပ်မှာဆို ဆရာကြီးဆိုတော့ ဆရာ၂ပါးတွေ့ကြရင်း ဒီအမှုကို ဘယ်သူအရင် ဖော်ထုတ်နိုင်မလဲဆိုတဲ့ ကစားပွဲတစ်ခု အစပျိုးလာတဲ့ အခါမှာတော့....။