Carrie FHD

Carrie

ဒီဇာတ်ကားလေးကတော့ အရမ်းကို‌အောင်မြင်ပြီး နှစ်တချို့ကြာတိုင်း Remake ပြန်ပြန်ရိုက်နေကျ သဘာဝလွန်စွမ်းအားတွေနဲ့ ကောင်မလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရီဆိုတဲ့ကောင်မလေးက ဘာသာရေးအစွန်းရောက်တဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရပြီး ငယ်ငယ်ကတည်းက အိမ်ပြင်ကို မထွက်ရဘဲ အိမ်ထဲမှာပဲ လွန်ကဲတဲ့ ဘာသာရေးအဆုံးအမတွေနဲ့ နေထိုင်ခဲ့ရသူပါ။ သူမ ဆယ်ကျော်သက်အရွယ်မှာတော့ အခြေအနေတစ်ခုကြောင့် သူတို့မြို့လေးမှာ ရှိတဲ့ ကျောင်းမှာ သွားတက်ရဖို့ ဖြစ်လာပြီး အဲဒီအချိန်မှာ အပြင်လောကကြီးကို ကြုံတွေ့ဖူးတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်ခဲ့တဲ့ အပြင်လောကကြီးက သူထင်ထားသလို မဟုတ်ဘဲ ကျောင်းမှာ ကောင်မလေးတစ်စုရဲ့ အနိုင်ကျင့်တာကို ခံရတဲ့အခါမှာ သူ့မှာ ရှိနေမယ်လို့ မသိထားတဲ့အရာက ဘယ်လိုနိုးထလာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။