Ha-Chan, Shake Your Booty! FHD

Ha-Chan, Shake Your Booty!

အော်စကာဆန်ခါတင် ဂျပန်မင်းသမီးကြီး Rinko Kikuchi ရဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေအများကြီးသိမ်းခဲ့ပြီး တိုကျိုမြို့ရဲ့ ညအလှနဲ့ Ballroom ကပွဲတွေအကြောင်းကိုရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါဇာတ်လမ်းကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ မီးရောင်စုံ ခန်းမအကပြိုင်ပွဲလောကမှာ အတွဲညီညီနဲ့ ကခုန်ယှဉ်ပြိုင်နေကြတဲ့ ဟာရုနဲ့ လူးဝစ်တို့ စုံတွဲအကြောင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ကြေကွဲဖွယ် အဖြစ်ဆိုးတစ်ခုကတော့ သူ့ခင်ပွန်းဟာ ကပွဲစင်မြင့်ထက်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ဟာရု ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရပါတော့တယ်။ သူမဟာ အရာအားလုံးကို စွန့်လွှတ်ပြီး လူ့အသိုင်းအဝိုင်းနဲ့ ဝေးရာမှာ တစ်ယောက်တည်း အထီးကျန်စွာ ပိတ်လှောင်နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ စိတ်ပူနေကြတဲ့ သူငယ်ချင်းတွေရဲ့ အတင်းအကျပ် ချော့မော့ဖေးမမှုကြောင့် အကသင်တန်းကျောင်း ဆီကို တစ်ဖန် ပြန်လည်ခြေချမိခဲ့ပါတယ်။ အဲဒီနေရာမှာ သင်တန်းဆရာအသစ်တစ်ဦးနဲ့ ဆုံတွေ့မိပြီးနောက် သူမရဲ့ အေးစက်နေတဲ့ နှလုံးသားထဲမှာ မမျှော်လင့်ထားတဲ့ ရင်ခုန်သံတွေ၊ စွဲလမ်းစိတ်တွေ ပြန်လည် နိုးထလာပုံကို အနုပညာမြောက်စွာ ရှုစားကြရမှာ ဖြစ်ပါတယ်။