ဇာတ်ညွှန်း ဆိုလာရစ်ဆိုတာ ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ အဲဒီဂြိုလ်ပေါ်မှာ လှည့်ပတ်ပြီးတော့ လေ့လာနေတဲ့ အာသာက စခန်းတစ်ခုလည်းရှိပါတယ်။ အဲဒီစခန်းမှာ ပြဿနာတွေတက်ပြီး အဖွဲ့ဝင်တစ်ယောက်က ကိုယ့်ကိုယ်ကို Commit လုပ်သွားပါတယ်။ ဒီလိုနဲ့ ကမ္ဘာကနေ စိတ်ပညာရှင်ဒေါက်တာ ခရစ်ကယ်လ်ဗင်ကို အဆိုပါ အာသာသစခန်းကို လွှတ်ပြီး ဖြစ်ပျက်နေတာတွေကို အစီရင်ခံခိုင်းပါတယ်။ ဒါပေမဲ့ ခရစ်ရောက်သွားတဲ့အခါ သူထင်သလိုမဟုတ်ပဲ ပြဿနာတွေက ရှုပ်ထွေးနေတာကိုမြင်လိုက်ရပါတယ်။ ဒါတင်မကသေးပဲ သူတို့ရှင်းမပြနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကလည်းဖြစ်နေပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ခံစားကြည့်လိုက်ကြပါ။