Magnetic Beats FHD

Magnetic Beats

Drama FHD 2021-11-17 6.7 95 Min

ဂျရုံးနဲ့ ဖီးလစ်ဆိုတဲ့အရမ်းချစ်ကြတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်။ဖီးလစ်ကလည်း ဂျရုံးကိုစံပြပုဂ္ဂိုလ်တယောက်လိုမျိုးမြင်သလိုဂျရုံးကလည်း သူ့ကိုအမြဲဂရုစိုက်ပေးတဲ့သူ့ညီလေး ဖီးလစ်ကိုအရမ်းချစ်တယ်။ သူတို့နှစ်ယောက် အတူတူဖန်တီးခဲ့ကြတာကရေဒီယို ဝါးဆောဆိုတဲ့ ရေဒီယိုအစီအစဉ်လေးတခု။ဒီရေဒီယိုကနေအကိုဖြစ်သူဂျရုံးက သူ့ရဲ့အာဘော်တွေ ကမ္ဘာကြီးရဲ့ဂီတလက်ရာတွေကို ပြောပြလေ့ရှိသလိုသူ့ရဲ့ နောက်ကွယ်ကနေညီဖြစ်သူ ဖီးလစ်ကတော့ တိပ်ခွေတွေစက်ခုံတွေကြားနစ်မြုပ်နေပြီးကိုယ့်အသံကိုယ် မုန်းတီးနေခဲ့မိတယ်။ ဒီလိုနဲ့ပဲ သူတို့ညီအကိုကြားထဲကိုတနေ့မှာ ၀င်ရောက်လာခဲ့တာက မာရီယာနာဆိုတဲ့ ဂျရုံးရဲ့ရည်းစားကောင်မလေး။ ဂျရုံးရဲ့ကလေးနဲ့အတူဆံပင်ညှပ်သင်ဖို့ဒီမြို့လေးကိုရောက်လာခဲ့တယ်။ ဖီးလစ်တယောက်ကတော့ မြင်မြင်ချင်းမှာပဲ သူမကိုချစ်မိသွားပြီ။ ဒါပေမယ့်သူ့အကိုကိုအရမ်းချစ်တဲ့ ဖီးလစ်အတွက်ကတော့ကျော်လို့မဖြစ်တဲ့စည်းလေးတခုဖြစ်လာခဲ့တယ်။ ဖီးလစ် အသက် ၂၀မှာတော့ပြင်သစ်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်ထဲ၀င်ရဖို့အကြောင်းဖန်လာခဲ့တဲ့အချိန်မှာမာရီယာနာကလည်းတိတ်တိတ်လေးသူ့ကို၀န်ခံခဲ့တယ်။ ဒီလိုနဲ့ပဲ ဖီးလစ်တယောက် အကိုကို့ချစ်တဲ့စိတ်နဲ့မာရီယာနာ့ကိုချစ်တဲ့စိတ်တွေအကြား လွန်ဆွဲရဖို့ဖြစ်လာပါတော့တယ်။စစ်မှုထမ်းကာလအပြီး အဆုံးသတ်မှာဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေးတပုဒ်က ဘယ်လိုမျိုးအဆုံးသတ်သွားမလဲ။ အဆုံးသတ်မှာ ဖီးလစ်တယောက် ဘာကိုရွေးချယ်သွားမှာလဲ။ မာရီယာနာကရောဘာကိုရွေးချယ်သွားမလဲဆိုတာကိုပရိတ်သတ်ကြီးကMagnetic Beatsဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး။