ဒီတစ်ခေါက်မှာတော့ Norawy Comedy,Drama အမျိုးအစားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ self- promotion ကိုမှားယွင်းစွာလုပ်မိသွားတဲ့ Signeတစ်ယောက်ဒုက္ခလှလှကြုံတွေ့ရပုံကို ယနေ့ခေတ်မှာဖြစ်လေ့ရှိတဲ့ uncomfortable truths တွေကိုပါ ထည့်သွင်းပြီးရိုက်ပြထားတဲ့အတွက် ပရိတ်သတ်ကြီးတို့ အားလပ်ရက်မှာကြည့်ရှူသင့်တဲ့ဇာတ်လမ်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. Signe နဲ့ Thomas တို့ဟာ အဆင်မပြေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ချင်တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့စုံတွဲတစ်တွဲပေါ့။ Thomas ကအနုပညာရှင်တစ်ယောက်ပါ Signe ကတော့ သူ့ရဲ့ဂုဏ်သတင်းကို လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ပြီးရယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Thomas တစ်ယောက်မဂ္ဂဇင်းတွေကပါ အင်တာဗျူးလုပ်ပြီး အောင်မြင်စပြုလာတာကို Signe မြင်ရတဲ့အခါမှာတော့ သူလည်းနာမည်ကျော်လူသိများဖို့အတွက် သူ့ရဲ့လိမ်ဆင်တွေကိုစပြီးအကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်..