Road to Berlin HD

Road to Berlin

Drama War HD 2015-05-07 6.5 82 Min

ဒုတိယကမ္ဘာစစ်နောက်ခံ ရုရှား Red Army ဖက်က အမြင်နဲ့တင်ဆက်ထားတဲ့ စစ်ဒရမ်မာကားလေး ဖြစ်ပါတယ်။အိုဂါကော့ဗ်ဆိုတဲ့ ဆက်သွယ်ရေးအရာရှိလေးက တပ်တွေကိုတစ်တပ်ပြီး တစ်တပ် မြင်းလေးနဲ့ ဆက်သွယ်ပေးနေရတဲ့စစ်သားလေးပေါ့။ တစ်နေရာကျ ဂျာမန်တင့်ကားတွေနဲ့ တွေ့ပြီးအခြေအနေမလှလို့ ပြန်ဆုတ်ခွာလာရပါတယ်။ အဲဒီမှာအဆက်အသွယ်ပြတ်တောက်လို့ ရုရှားခံစစ်တွေတော်တော်များများ ချိုးဖောက်ခံရတာက သူ့အပြစ်တွေများတယ်ဆိုပြီးစစ်ခုံရုံးမှာ ထွက်ပြေးမှု တာဝန်မကျေပွန်မှု စသဖြင့်တွေနဲ့ သေနတ်နဲ့ပစ်သတ်ဖို့သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ သူ့ကို ပစ်သတ်ဖို့စောင့်ကြပ်ဖို့ တာဝန်ကျတာက ရဲဘော် ဇူရာဘိဖ်ဆိုတဲ့ အမိန့်ပဲသိပြီးစကားနည်းတဲ့တစ်ယောက်။ အဲဒီအချိန်မှာပဲ ဂျာမန်တပ်တွေ ရုတ်တရက်ဝင်တိုက်လို့နှစ်ယောက်သားထွက်ပြေးလာခဲ့ပြီး အမိန့်တာဝန်ကျေပွန်ချင်လို့ ဌာနချုပ်ထိ ရောက်မှ ပစ်သတ်မယ်ဆိုပြီး ခရီးထွက်လာခဲ့တဲ့ အခါမှတော့…..။ရဲဘော်ရဲဘက်နှစ်ဦးရဲ့ တိုက်ပွဲတွေကြားစွန့်စားခန်းတွေထွက်ပြီးညီအစ်ကို သံယောဇဉ်တွယ်ကြပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။တစ်ခုတောင်းဆိုချင်တာကတော့ ရထားတဲ့စာဖိုင်ရဲ့ မပြည့်စုံမှုကြောင့်အဆင်ပြေအောင် ကြိုးစားပြန်ထားတာကိုနားလည်ပေးစေချင်ပါတယ်ဗျ။