ကျွန်တော်တို့ ဘဝမှာ ရှိနေမှန်းမသိခဲ့တဲ့ အစ်မတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိဘတွေ တည်ထောင်ခဲ့တဲ့ကုမ္ပဏီကို အမွေဆက်ခံပြီး ချစ်စရာသမီးလေး ခင်ပွန်းနဲ့အတူ အမ်မလီရဲ့ဘဝလေးက ပြီးပြည့်စုံနေပါတယ်။ တစ်ရက်မှာတော့ ကလေးထိန်း အလုပ်လျှောက်မယ့် အမျိုးသမီးတစ်ယောက် အမ်မလီတို့ အိမ်ကို ရောက်လာပါတယ်။ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ အမ်မလီရဲ့ မိဘတွေ စွန့်ပစ်လိုက်တဲ့ အစ်မရင်း လီလီပါလို့ ပြောလာပါတော့တယ်။ကုမ္ပဏီအလုပ်တွေနဲ့ ဖိအားများနေပြီး အားကိုးစရာ လိုအပ်နေတဲ့ အမ်မလီတစ်ယောက် အစ်မကို စိတ်ချလက်ချ ယုံကြည်နိုင်ပါ့မလား၊ တစ်ချိန်တည်းမှာပဲ အမ်မလီတစ်ယောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံလာရချိန် တရားခံက ဘယ်သူလဲ၊ အမ်မလီနဲ့ မိဘတွေက လီလီ့ကို ဘာလို့ စွန့်ပစ်လိုက်တာလဲ ဆိုတာတွေကို ရင်တမမ ခံစားရမှာမလို့ အားလုံးအတူ ခံစားကြည့်လိုက်ကြရအောင်ပါ။