ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီးပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာလန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ….လန့်စ်နဲ့အဲရစ်ကတကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကိုရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။