Hit & Run HD

Hit & Run

Action Comedy Romance HD 2012-08-22 5.7 100 Min

Dax Shepard ကိုယ်တိုင်ရေးထားတဲ့ action & comedy film ဖြစ်ပြီး သူနဲ့သူ့အမျိုးသမီး Kristen Bell တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်ကားထဲမှာပါတဲ့ကားတော်တော်များများကလည်း Dax ကိုယ်တိုင်စုဆောင်းထားတဲ့ကားတွေဖြစ်ပြီးဘတ်ဂျက်နည်းနည်းနဲ့ရိုက်ထားရတာဖြစ်လို့ကားပြိုင်မောင်းရတဲ့စတန့်ခန်းတွေကိုလည်းသရုပ်ဆောင်တွေကိုယ်တိုင်မောင်းပြီးရိုက်ကူးထားတာပါတဲ့_ဇာတ်လမ်းထဲမှာတော့ Daxဟာလွန်ခဲ့တဲ့လေးနှစ်ကဘဏ်ဓားပြမှုတစ်ခုရဲ့မျက်မြင်သက်သေအဖြစ်သက်သေကာကွယ်စောင့်ရှောက်မှုကိုခံနေရတဲ့သူပါ Kristen ကတော့ Dax ရဲ့တွဲတာမကြာသေးတဲ့ Annieဆိုတဲ့ကောင်မလေးဖြစ်ပြီး Annie တစ်ယောက်အလုပ်အသစ်မှာအင်တာဗျူးဖို့အ‌တွက်သူတို့နှစ်ယောက်လော့စ်အိန်ဂျလစ်မြို့ကိုသွားရဖို့အကြောင်းဖန်လာပါတော့တယ် Daxကသူအသတ်ပါခံရနိုင်တဲ့နေရာမို့မသွားဖို့ဆုံးဖြတ်ထားပေမဲ့ Annieကြောင့်အရဲစွန့်ခဲ့ရာကနေ သူ့ရဲ့ရန်သူတွေနဲ့ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေဘယ်လိုထွက်ပြေးကြမလဲ၊လော့စ်အိန်ဂျလစ်ကို‌ရော အင်တာဗျူးအမှီရောက်နိုင်ပါ့မလား ဆိုတာကိုဟာသနှောထားတဲ့အက်ရှင်ဇာတ်ကွက်လေးတွေနဲ့ကြည့်ရှုရမှာပါ