ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဟာ သူ့ကိုပိုက်ဆံပေးလာလျှင် ဘယ်လိုအမှုမျိုးမဆို လိုက်ပေးတဲ့ ရှေ့နေတစ်ယောက်ပါ။ သူက ရှေ့နေတင်မကဘဲ သူများရဲ့ မကောင်းကွက်ကို ရှာပေးတာမျိုးတွေအထိ လုပ်ကိုင်ပါတယ်။တစ်နေ့မှာ အလုပ်ရှင်တစ်ယောက်က အန်တိုနီယိုကယ်လီဇန်းဆိုတဲ့ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့လူတစ်ယောက်ရဲ့ မကောင်းကွက်ကို ရှာပြီး ဖြုတ်ချဖို့ ငွေအမြှောက်အများနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ရစ်ခ်လည်း လက်ခံခဲ့ပြီး သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ ဆိုင်မွန် ဆိုတဲ့ကောင်လေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်။ သူတို့နှစ်ယောက် အန်တိုနီယိုရဲ့ မကောင်းကွက်ကို လိုက်ရှာရင်း ကြုံတွေ့ရတာတွေကို ဟာသလေးတွေနဲ့ ပါးပါးပုတ်ထားတာကို ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။