The Sound of Music FHD

The Sound of Music

Drama Family Music Romance FHD 1965-03-29 7.706 174 Min

ဇာတ်လမ်းအကျဉ်းကတော့ ရေတပ်အငြိမ်းစား ကပ္ပတိန်ဗွန်ထရက်ပ်ဟာ ဇနီးသည်ဆုံးပြီးကတည်းက သားသမီးတွေအပေါ် တင်းကြပ်လွန်းတဲ့သူတစ်ယောက်ပါ။ ဗွန်ထရက်ပ်အိမ်တော်ဟာ သီချင်းတွေဆိတ်သုဉ်းနေတာ ကြာခဲ့ပါပြီ။ တစ်နေ့မှာတော့ သီချင်းတွေကို အရမ်းမြတ်နိုးတဲ့ သီလရှင်လောင်းမာရီယာကို ကျောင်းတိုက်သီလရှင်ကြီးက ကလေးထိန်းအဖြစ်နဲ့ ဗွန်ထရက်ပ်မိသားစုအိမ်ကိုလွှတ်လိုက်ရာကနေ “The Sound of Music”ဆိုတဲ့ ရုပ်ရှင်ကြီးစတင်ဖြစ်ပေါ်လာပါတယ်။“The Sound of Music”ကို ဟိုးအရင်က ကြည့်ဖူးတဲ့သူများအနေနဲ့ သီချင်းတွေကို ရင်းနှီးနေမှာပါ။ ဘာလို့ဆို ဒီထဲက သီချင်းတွေက တစ်ခါနားထောင်ဖူးရုံနဲ့ မှတ်ဉာဏ်ထဲ နေရာယူလွယ်ပြီးငယ်ဘဝပြန်ရောက်သွားစေသလိုလိုခံစားရစေတာကိုး။ Musical ကားတွေကိုကြိုက်နှစ်သက်သူများအတွက်တော့ လုံးဝလက်လွှတ်မခံသင့်တဲ့ Old but gold ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြည့်ရှုခံစားလိုက်ကြပါဦး။