Extremely Loud & Incredibly Close FHD

Extremely Loud & Incredibly Close

Drama FHD 2011-12-25 6.986 129 Min

ဒီဇာတ်ကားဟာ သာမာန်သူတွေလို မတွေးနိုင်တဲ့ ညဏ်ကြီးရှင်ဇာတ်ကားမျိုးလေးပါ။ ဒါပေမဲ့ အပိုတွေလုပ်တာမျိုးလုံးဝမပါပါဘူး။ဇာတ်ကားမှာ မင်းသားကြီး Tom Hanksလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက ကျွန်တော်တို့ရဲ့လွဲမှားနေတဲ့အယူအဆတစ်ချို့ကိုလည်းထောက်ပြပေးထားပါတယ် အတော်ကိုဗဟုသုတရစေမှာပါ။ အမှန်အတိုင်းပြောရရင် အစပိုင်းလေးတော့ နည်းနည်းရှုပ်မယ်ဗျ။ ဇာတ်လမ်းကို အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဝေါ်ထရိတ်စင်တာ ဖြစ်ရပ်ကိုနောက်ခံပြီး သာမန်ကလေးတစ်ယောက်မဟုတ်တဲ့ Oskarအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Oskarဟာ သူရဲ့ ဖခင်ကို ဝေါ်ထရိတ်စင်တာ ကိစ္စမှာဆုံးရှုံးခဲ့ရပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့အဖေထားခဲ့တဲ့ သော့လေးကိုတွေ့ပြီး….ဘယ်မှာရှိနေမှန်းမသိတဲ့ သော့ခလောက်လေးကို NewYork တစ်မြို့လုံးမှာ လိုက်ရှာရင်းဘဝသင်ခန်းစာတွေအများကြီးရသွားတဲ့ကားမျိုးလေးပါ။