ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေးမစမီ ၁၇၈၉ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်…။အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ…။ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့…။ဒုတိယကတော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ…။အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး…။လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်…။ခရီးသွားရင်းခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်းဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေဝမ်းဝရုံကလွဲဘာမှရွေးချယ်စရာမရှိပါဘူး။ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်းဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်…၊ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်…၊သာမန်လူတန်းစားတွေအနေနဲ့ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ…။ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာချက်ပြုတ်ရပြီးဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာသတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်…ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့မှုအတွက်အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်…။ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေလူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ဒီအချက်ကလည်းပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့…။ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာပါရမီပါသူဖြစ်ပေမယ့်ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် မရရှာပါဘူး…။ဘယ်လောက်ထိဆိုးသလဲဆိုရင် အတတ်စမ်းပြီး အာလူးပိုင်မုန့်လေးပြုလုပ်မိလို့ ရဲတိုက်ကနှင်ထုတ်ခံရပါတယ်။အဲ့တုန်းကအာလူးလိုမျိုး မြေအောက်ကရတဲ့အစားအစာဟာ ယုတ်ညံ့တယ်…၊တော်ဝင်မျိုးနွယ်နဲ့မသင့်တော်ဘူးလို့အယူရှိလို့ပါ…၊သို့ပေမယ့် မာစီယွန်တစ်ယောက် သူ့လုပ်ရပ်ကိုမှားတယ်မထင်ခဲ့ဘဲသူ့သခင်မြို့စားကြီးအမျက်တော်ပြေပြီး သူ့ကိုပြန်ခေါ်ဖို့သာ ကြိုးစားခဲ့ပါတော့တယ်…။မာစီယွန်တစ်ယောက်ဘာတွေ ဘယ်လိုကြိုးစားပြီး စားသောက်ဆိုင်ဆိုတာကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာ တစ်ခေတ် တစ်ခါကပြင်သစ်ပြည်ကိုအလည်သွားရင် ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။