I Met a Girl FHD

I Met a Girl

Comedy Drama Romance FHD 2020-11-26 6.4 108 Min

မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျားရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်ကမစ္စတာရော့ကတ်ဖြစ်ပြီးသဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါလမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြောစိတ်ဓာတ်ကျအောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။ ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲသောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာအချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကိုနှိပ်စက်နေကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံလိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့မိန်းကလေးတစ်ယောက်ပေါ်လာပြီး သူ့ကို ကယ်တင်ပေးသွားပါတယ်။ သူ့ဘဝကို ပြောင်းလဲပေးသွားတယ် သူနဲ့ ရှိနေရတာကို ပျော်ရွှင်လာတယ် နောက်ဆုံး သူချစ်မိသွားတယ် ဒါတောင် တစ်ရက် တစ်ညပဲတူတူ ရှိလိုက်ကြတာနော်ဒါပေမဲ့ မနက်နိုးလာတော့ကြ ကောင်မလေးဟာ မရှိတော့ပဲ ပျောက်ဆုံးသွားတော့ လိုက်ရှာဖို့ ကြုံဆုံလာပါတော့တယ်… စိတ်ကျန်းမာရေးမကောင်းတဲ့လူ ဖြစ်နေတဲ့အတွက်ဒီကောင်မလေးဟာ တကယ်ရောရှိရဲ့လား စိတ်ကနေ ထင်နေတာလားဆိုတာတော့ ဆက်လက်ပြီးခံစားကြည့်လိုက်ကြပါ။