The Ghoul Mansion FHD

The Ghoul Mansion

Comedy Thriller FHD 2023-07-06 8.3 102 Min

ကွိုင့်က မိသားစုစားဝတ်နေရေးအတွက် သင်္ဘောသီးထောင်းရောင်းပြီး ရှာစားနေရသူတစ်ယောက်ဖြစ်ပါတယ်ကောင်းမွန်တဲ့နေရာလေးတစ်ခုက အိမ်သစ်မှာသွားနေချင်တာ ကွိုင့်အိပ်မက်ဖြစ်ပေမဲ့အသုံးမကျတဲ့လင်ဖြစ်သူ ဂိုရဲ့လောင်းကစားစွဲနေမှုကြောင့် ကွိုင့်ရဲ့ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ရတယ်တစ်ရက် ကွိုင့်ဆီ အဝေးတစ်နေရာက သူဌေးဆွေမျိုးဖြစ်သူ သခင်မကြီးထောင်းရမ်ဖိုင်နေမကောင်းဖြစ်နေခဲ့လို့ အမွေပေးချင်တဲ့စာတစ်စောင်နဲ့လာဖို့ရထားလက်မှတ်တွေရောက်လာခဲ့တယ်ကွိုင့်တစ်ယောက်တွေဝေနေဆဲမှာ လင်ဖြစ်သူဂိုရဲ့အကြွေးရှင်တွေလိုက်လာတာမို့ ရွေးချယ်စရာမရှိတဲ့သူတို့မိသားစုဟာ သခင်မကြီးထောင်းရမ်ဖိုင်ရဲ့စံအိမ်ဆီရောက်လာရပါတော့တယ်အမျိုးဖြစ်တဲ့ သခင်မကြီးထောင်းရမ်ဖိုင်ကိုကွိုင့်ကဘာလို့မသိနေရတာလဲဘာလို့ကွိုင့်ကိုမှ အမွေပေးချင်ရတာလဲထိတ်လန့်ဆန်းကြယ်နေတဲ့ဒီစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်က ဘာလဲဆိုတာ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ်ဟာသနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ် ။