ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “#MenToo ” ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ပုံမှန်ဆိုရင်အမျိုးသမီးတွေရဲ့တန်းတူညီမျှမှုအခွင့်အရေးအကြောင်းပဲ အခြေခံအားဖြင့်အများဆုံးပြောလေ့ရှိကြပေမယ့် ဒီကားလေးထဲမှာတော့ အမျိုးသားတွေဘက်ကနေပြီးသူတို့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရင်ဆိုင်ရတဲ့ခွဲခြားမှုတွေနဲ့ မွန်းကြပ်မှုတွေကိုပေါ်လွင်အောင်ရိုက်ကူးပြထားတာကိုတွေ့ရမှာပါအာဒိတရာ၊ မွန်နာနဲ့ ဆန်ဂျူးတို့သူငယ်ချင်းသုံးယောက်ဟာအလုပ်ခွင်ကြောင့်ဖြစ်ဖြစ်၊ အချစ်ရေးကြောင့်ဖြစ်ဖြစ် မွန်းကြပ်တဲ့အချိန်တိုင်းယောက်ျားလေးသီးသန့်ဘားဖြစ်တဲ့ “Stags Only” ဆိုတဲ့ဘားလေးကိုလာပြီး စိတ်ထွက်ပေါက်ရှာကြပါတယ် အဲဒီဘားလေးမှာဆိုရင်လည်းအများစုက Pseudo Feminist တွေကြောင့်ဒုက္ခရောက်ရတဲ့အမျိုးသားတွေကို အများဆုံးတွေ့ရတာဖြစ်ပါတယ် ဒီကားလေးထဲမှာတန်းတူညီမျှအခွင့်အရေးဆိုတာ ယောက်ျားလေးအတွက်ရော၊ မိန်းကလေးအတွက်ရော အတူတူပဲဖြစ်သင့်ကြောင်း…ယောက်ျားလေးမို့ အားနည်းခွင့်မရှိဘူးမျက်ရည်ကျပိုင်ခွင့်မရှိဘူး ဒါမျိုးတွေကလည်း တန်းတူညီမျှအခွင့်အရေးမရတာပဲဖြစ်ကြောင်း အစရှိတဲ့အကြောင်းအရာလေးတွေကို ဆွေးနွေးပေးထားလို့စိတ်ဝင်စားပြီးတော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ