Farhanaဇာတ်ကားမှာတော့ Farhanaဟာပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ ရှေးဆန်လွန်းတဲ့အဖေဖြစ်သူကြောင့် ကိုယ်ပိုင်ဖုန်းတောင်မကိုင်ရဘဲနဲ့အိမ်မှာနေကာ ယောကျာ်းနဲ့ကလေးတွေကိုဘဲ ပြုစုစောင့်ရှောက်နေရခဲ့တယ်။ငွေရေးကြေးရေးခက်ခဲလာတာကြောင့် Farhanaတစ်ယောက်အလုပ်ထွက်လုပ်ဖို့ဖြစ်လာခဲ့ပြီး Farhanaတစ်ယောက် ဖုန်းခေါ်ဆိုပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းမှာ အလုပ်လုပ်ခဲ့တယ်။။အပြင်လောကနဲ့အဆက်အသွယ်ပြတ်နေတာကြာတဲ့ Farhanaတစ်ယောက် အလုပ်လုပ်ရင်းနဲ့ သူမလိုချင်တဲ့လွတ်လပ်ခွင့်ကိုရလာတာကြောင့် ပျော်ရွှင်နေခဲ့ပေမဲ့ဆက်သွယ်ရေးကွန်ယက်က မကောင်းတဲ့လူတွေရဲ့ သားကောင်ဖြစ်လာခဲ့တယ်။ရိုးသားတဲ့Farhanaတစ်ယောက် သူမကြုံတွေ့လာရမဲ့ အန္တရာယ်တွေကိုကျော်လွှားနိုင်ပါ့မလား။သူမလွှတ်လပ်ခွင့်ကိုလဲ ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။