လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြားဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသားတွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက်ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေးမှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆိုတာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှမဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။တစ်နေ့မှာတော့ အမှတ်မထင် သမုဒ္ဒရာထဲကို ဆင်းမိပြီး ဧရာမ ခရက်ကန်ကြီးအဖြစ်ပြောင်းသွားပါတော့တယ်။ အဲဒီကနေ သူ့အမေနဲ့သူ့ရဲ့အတိတ်အကြောင်းတွေက သိလာပြီး ရေသူမလေးတစ်ယောက်နဲ့လည်းသူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ရေသူမတွေနဲ့ ခရက်ကန်တွေဟာကမ္ဘာ့ရန်တွေဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက် ဒီတိုက်ပွဲကြီးတွေကိုဘယ်လိုတားဖို့ကြိုးစားကြမလဲဆိုတာ….