ဇာတ်လမ်းအကျဥ်းကတော့ Sarah က မျိုးဥနဲ့သားအောင်ခြင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။Sarah မှာ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်ပွန်းဖြစ်သူ Pete နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ Mia က ထူးထူးဆန်းဆန်းအပြုအမူတွေကို ပြုမူလာပြီး တစ်နေ့တခြား Miaရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက် သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့ခြောက်လှန့်မှုကို ရင်ဆိုင်ရပါတော့တယ်။Run Rabbit Run ဇာတ်ကားက စိတ္တဇ Horror ဇာတ်ကားမျိုးဖြစ်ပြီး တခြားသော သြစတြေးလျ Horror ရုပ်ရှင်များဖြစ်တဲ့ The Babadook, Relic, Bloody Hell တို့လို Themeမျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်းဒိုင်းခြောက်လှန့်တဲ့ Jumpscare တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း ဇာတ်ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။သားအမိနှစ်ဦးရဲ့ အထီးကျန်ဆန်တဲ့ ဆက်နွယ်မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲမရဖြစ်လာတဲ့မိခင်တစ်ဦးနေရာမှာ သရုပ်ဆောင်တဲ့ Sarah Snook ကို ဝေဖန်သူများက ချီးကျူးခဲ့ကြပါတယ်။