ဇာတ်လမ်းအကျဥ်းကတော့ အေရီရယ်ဟာ ခြေအိတ်ဆိုင်ပိုင်ရှင်လေးဖြစ်ပြီးအကြွေးဝိုင်းဝိုင်းလည်နေတာကြောင့် ဆိုင်ကို အကြွေးနဲ့သိမ်းခံရမယ့်အခြေအနေရောက်နေပါပြီ…။ဒီတော့ ပိုက်ဆံရှာဖို့အတွက် ယုံတမ်းစကားပြိုင်ပွဲလေးတစ်ခုကိုဝင်ပြိုင်ပါလေရော…။ပြိုင်ပွဲအကြောင်းအရာက ပတ်ဝန်းကျင်မှာ ပြောနေကျ ယုံတမ်းစကားတစ်ခုခုကိုဟုတ်လားမဟုတ်လား ဘလော့လေးရိုက်ပေးရမှာပါ…။အေရီရယ်ဟာ ဒီပြိုင်ပွဲအတွက် zodiacအရ မလိုက်ဖက်လည်း ဖူးစာဖက်ဖြစ်နိုင်ကြောင်းသက်သေပြတဲ့ ဘလော့လေးရိုက်ဖို့ zodiac sign 12မျိုး၊ ကောင်လေး ၁၂ယောက်နဲ့ချိန်းတွေ့ပါတော့တယ်…။အေရီရယ်တစ်ယောက် ဖူးစာဖက်ဆိုတာ zodiac signပေါ်ပဲ မမူတည်ကြောင်းသက်သေပြသွားနိုင်မလား၊ သူရဲ့ဖူးစာဖက်ဖြစ်လာမယ့်ကောင်လေးကရောဘယ်signလေးဖြစ်မလဲဆိုတာ ဟော့ဒီ Indonesian Comdey Romancemovie လေးထဲမှာ ကိုယ်တိုင်လိုက်ပါကြည့်ရှုလို့ရပါပြီ…။