ဒီဇာတ်ကားရဲ့မှုရင်းနာမည်က Un Sac De Billes ဖြစ်ပြီး အင်္ဂလိပ်နာမည်က A bag of marbles လို့အမည်ပေးထားပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၇ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပဲရစ် မှာအကြိုပြသခဲ့ပြီး ဇန်နဝါရီ ၁၈ မှာတရားဝင် ပြသခဲ့ပါတယ်။ IMDb Rating 7.3, Tomatoes Rating 82% တို့ရရှိထားပါတယ်။ တစ်ကားလုံး ကြာချိန် မိနစ် ၁၁၀ ရှိပြီး Gaumont Flim Company က ဖြန့်ချီထားပါတယ်။ ဒီဇာတ်ကား က ပြင်သစ်ဘာသာ စကားပြောဇာတ်ကားဖြစ်ပြီး ဂျူး၊အီတလီ၊ဂျာမနီနဲ့ ရှရှား ဘာသာစကားများကိုပါ အသုံးပြုထားပါတယ်။ ဒီဇာတ်ကားကို ပြင်သစ် ၊ကနေဒါ နဲ့ချက်စသမ္မနိုင်ငံ တို့ မှာရိုက်ကူးထားခဲ့ပါတယ်။ Budget ကန်ဒေါ်လာ၂၁.၄ မီလီယံနဲ့ရိုက်ကူးထားပြီး Box office မှာယခုအချိန်အထိ ၉.၁ မီလီယံ ရရှိထားပါတယ်။ ဒီဇာတ်ကားက Joseph Joffo ရေးသားထားတဲ့ Un sac de billes ဆိုတဲ့ ဝတ္တုကိုပြန်လည်ရိုက်ကူးထားတဲ့ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ဒီစာရေးဆရာက ဒီဇာတ်ကားထဲက အဓီကဇာတ်ကောင် ဂျိုးဇက်ဖြစ်ပါတယ်။ဒီဝတ္ထုက သူ့ငယ်ငယ်က ရုန်းကန်ခဲ့ရတဲ့ အကြောင်းရေးသားထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်လည် းဖြစ်ပါတယ်။